Friday, January 16, 2026
HomeNewsKNU ဗဟိုဌာနချုပ်နယ်မြေကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်

KNU ဗဟိုဌာနချုပ်နယ်မြေကို စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်

-

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ဌာနချုပ် နယ်မြေဒေသကို စစ်ကောင်စီက ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း KNU နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က တပ်မဟာ (၇) ဌာနချုပ်ဖြစ်သည့် သေ့ဘေ့ထစခန်းကို စစ်ကောင်စီက အသေခံဒရုန်း (Kamikaze Drone) ၄ စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူအချို့ရှိသလို အဆောက်အဦးအချို့လည်း ထိခိုက်ပျက်ဆီးမှုရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် KNU ဌာချုပ်အနီးအနားရှိ ဒေသခံပြည်သူများ စိုးရိမ်ကြောက်ရွံ့ကြပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်သူများလည်းရှိသည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်မှုနယ်မြေအများစုတွင် စစ်ကောင်စီတပ်နှင့် KNU/KNLA\/KNDO အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း တပ်မဟာ (၇) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် တပ်မဟာ (၇) နယ်မြေအတွင်း စစ်ကောင်စီတပ်၏ ပထမဆုံးအကြိမ် တိုက်ခိုက်လာခြင်းဖြစ်သည်။

Related articles

Stay Connected

29,362FansLike
0FollowersFollow
409FollowersFollow
38,500SubscribersSubscribe

Latest posts